Events
ThaiFEX-Anuga Asia 2025 ပြပွဲ ကျင်းပမည်
Updated At: 2025-01-14 15:48:53
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (DITP) မှ ကြီးမှူး၍ “ThaiFEX-Anuga Asia 2025” ကို ၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပြပွဲတွင် မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များအတွက် ပြခန်းတစ်ခန်းလျှင် (၂.၂၅ မီတာ x ၂.၂၅ မီတာ) အကျယ်အဝန်းရှိသည့်ပြခန်း အခမဲ့ ပံ့ပိုးသွားမည်ဖြစ်သည်။ ပြပွဲတွင် ပါဝင်ပြသခြင်းအားဖြင့် မြန်မာ့ထွက်ကုန်များကို မိတ်ဆက်ပြသနိုင်ခြင်းနှင့် ဈေးကွက်အသစ်များ ရှာဖွေရန် အခွင့်အလမ်းကောင်းများ ရရှိမည်ဖြစ်သည်။
ThaiFEX-Anuga Asia 2025 ပြပွဲသို့ ပါဝင်တက်ရောက်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် https://mitc.myantrade.gov.mm ၏ Trade Fair Registration တွင် ၁၅-၁-၂၀၂၅ ရက်နေ့မှ စတင်၍ အချက်အလက်များ ဖြည့်သွင်း၍ ဝင်ရောက်လျှောက်ထားရမည်ဖြစ်ပြီး ပါဝင်ပြသခွင့်ရရှိမည့် ကုမ္ပဏီအား စာရင်းပေးသွင်းမှု အစီအစဉ်အတိုင်း ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါကြောင်းနှင့် အသေးစိတ်အချက်အလက်များအား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
27th Expo Electronica 2025 and ExpoCifra 2025 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 15th to 17th April, 2025
3rd SOURCEX INDIAN ပြပွဲ ကျင်းပမည်
Date: 26th to 28th March, 2025
Global Featured Commodity Exchange ပြပွဲ ကျင်းပပြုလုပ်မည်
Date: 9th to 13th January, 2025